ဝဘ်ဆိုက်ဆိုတာ ဝန်ထမ်းမလိုပဲ ဝင်ငွေရနိုင်တဲ့ ဆိုင်ခွဲတစ်ခုပါ။ ဒါပေမယ့် ဘယ်လိုအချက်တွေက ဝဘ်ဆိုက်ကတစ်ဆင့် ဝင်ငွေရစေနိုင်တယ် ဆိုကတော့ Website Company တိုင်းက မသိနိုင်သလို လုပ်ငန်းတစ်ခုနဲ့ တစ်ခုလည်း ရနိုင်တဲ့ အချက်အလက်တွေ မတူနိုင်ပါဘူး။ ဝဘ်ဆိုက်ကတစ်ဆင့် ဝင်ငွေရနိုင်စေဖို့ ကျနော်တို့ နဲ့. ယနေ့ပဲ တိုင်ပင်ဆွေးနွေးပြီး လူကြီးမင်းရဲ့ လုပ်ငန်းကို အင်တာနက်ပေါ်မှာ အသက်သွင်းလိုက်ပါ။
Gmail ဟာ လူတိုင်း အခမဲ့ရယူနိုင်တဲ့အတွက် အလုပ်ကိစ္စတွေကို Gmail နဲ့ ပို့တဲ့အခါ ယုံကြည်မှုမရှိခြင်း၊ စာမပြန်ခြင်းတို့ကို ကြုံရတတ်ပါတယ်။ Webmail ကတော့ @gmail.com အစား @ကိုယ့်လုပ်ငန်းနာမည်.com နဲ့ ဖွင့်လို့ရတဲ့အတွက် ဘယ်လုပ်ငန်းက ပို့ကြောင်း တန်းသိနိုင်တဲ့အပြင် လုပ်ငန်းသုံး mail ဖြစ်လို့ လုပ်ငန်းအပေါ် ယုံကြည်မှု မြင့်မားစေတဲ့အပြင် လုပ်ငန်းကို ကြော်ငြာပြီးသားလဲ ဖြစ်စေပါတယ်။
Google ကို တိုက်ရိုက် ပိုက်ဆံပေးပြီး ကြော်ငြာတဲ့ နည်းလမ်းဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ Google ရဲ့ ကြော်ငြာကဏ္ဍမှာ ပေါ်နိုင်တဲ့အတွက်ကြောင့် ထိရောက်မှုကို ချက်ချင်းသိနိုင်တဲ့အပြင် လုပ်ငန်းတဲ့ဆက်စပ်တဲ့ စကားလုံးတိုင်းအတွက် ကြော်ငြာနိုင်လို့ လုပ်ငန်းရနိုင်ခြေ အမြင့်ဆုံးနဲ့ အမြန်ဆုံး ကြော်ငြာနည်းဖြစ်ပါတယ်။
SEO ( Search Engine Optimization) ဆိုသည်မှာ လူကြီးမင်းရဲ့ website ကို Google search ပထမဆုံး စာမျက်နှာပေါ်တွင် ပေါ်လာစေမယ့် ဝန်ဆောင်မှုတစ်ခုပါ။ လူကြီးမင်းရဲ့ လုပ်ငန်းနဲ့ပတ်သတ်တာကို ရှာတဲ့အခါတိုင်း လူကြီးမင်းရဲ့ Website က ထိပ်ဆုံးမှာပေါ်နေတဲ့အခါ လုပ်ငန်းရနိုင်ခြေ မြင့်မားတဲ့အပြင် လုပ်ငန်းအပေါ် ယုံကြည်မှု၊ အထင်ကြီးလေးစားမှု လည်း ရရှိစေပါတယ်။
လိုဂို၊ အမှတ်တံဆိပ်တစ်ခုဟာ လုပ်ငန်းနဲ့ ကုမ္ပဏီတစ်ခုလုံးကို ကိုယ်စားပြုတဲ့အရာပါ။ ဒါကြောင့် လိုဂိုဒီဇိုင်း အားနည်းတဲ့အခါ လုပ်ငန်းအပေါ် ယုံကြည်မှု နည်းမှာ အသေအချာပါပဲ။ လှပသေသပ်ပြီး အဓိပ္ပါယ်အပြည့်အဝပါတဲ့ လိုဂိုဒီဇိုင်းကောင်းတွေနဲ့ လူကြီးမင်းတို့လုပ်ငန်း တိုးတက်အောင်မြင်အောင် ကျနော်တို့ မှ ဝန်ဆောင်ပေးပါရစေ။
ကြော်ငြာဘုတ် တွင် ကြော်ငြာရန် သို့မဟုတ် မဂ္ဂဇင်း နှင့် စာစောင် များတွင် ကြော်ငြာရန် စသည့် ကြော်ငြာ ဒီဇိုင်းများကို အချိန်တို အတွင်း အရောင်ညီညွတ် လှပပြီး၊ ခင်းကျင်း ပြသမှု ကောင်းမွန်စွာဖြင့် ဖတ်ရ လွယ်ကူအောင် ရေးဆွဲ ပေးသောကြောင့် လူကြီးမင်းတို့၏ ကြော်ငြာကို တစ်ချက် ကြည့်ရုံမျှဖြင့် လူကြီးမင်းတို့၏ ကုမ္ပဏီ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် တို့ကို မှတ်မိစေပါသည်။